Frequently Asked Questions (FAQ)

STA Music Shop မှာ သီချင်းတွေ ကို ဘယ်လို ဝယ်ယူလို့ ရနိုင်မလဲ။

ကျနော်တို့ ရဲ့ STA Music Shop မှ သီချင်းများ ကို STA Music Shop Application အား Google Play Store တွင် download ဆွဲပြီး (သို့မဟုတ်) ၊ ပေးထားသော link မှ တစ်ဆင့် download ဆွဲပြီး တေးသီချင်း Album များကို အလွယ်တကူ ဝယ်ယူနားဆင်နိုင်ပါတယ်။

STA Music Shop Application ကို download ဆွဲပြီး လွယ်လွယ် ကူကူဝင်လို့ သုံးလို့ ရရဲ့ လား။

အရမ်းလွယ်ကူပါတယ်၊ မိတ်ဆွေ အမြဲ အသုံးပြုနေတဲ့ Facebook account (သို့မဟုတ်) Google account မှတဆင့် အလွယ်တကူ ဝင်လို့ ရပါတယ်၊ ဒါ့အပြင် မိတ်ဆွေ ကိုင်ဆောင် အသုံးပြုနေတဲ့ Mobile Phone Number ဖြင့် Register လုပ် ပြီး ဝင်လို့ ရပါတယ်။

နိုင်ငံခြားမှ ပရိတ်သတ်များအနေနဲ့ ကော STA Music Shop Application ကို သုံးလို့ ရရဲ့ လား။

နိုင်ငံခြားမှ ပရိတ်သတ်များအနေနဲ့ Facebook account (သို့မဟုတ်) Google account မှတဆင့် အလွယ်တကူ ဝင်လို့ ရပါတယ်၊ Mobile Phone Number ဖြင့် Register လုပ်လို့ မရပါ။

သီချင်းများကို မဝယ်ယူခင်မှာ အမြည်း နားထောင်ခွင့် ရှိပါသလား။

အမြည်း နားထောင်ခွင့် ရှိပါတယ်၊ သီချင်းများကို Album အလိုက်သာ ဝယ်ယူ နိုင်သော်လည်း သီချင်းတစ်ပုဒ် ချင်းစီ ကို အမြည်းအနေဖြင့် ၃၀ မှ ၄၅ စက္ကန့်ခန့် နားဆင်နိုင်ပါတယ်။

STA Music Shop မှာ ပရိတ်သတ်များ အနေနဲ့ ဘယ်လို သီချင်းအမျိုးအစား တွေကို ဝယ်ယူနားဆင်နိုင်ပါသလဲ။

ကိုယ်ပိုင်သံစဥ် သီချင်း Audio Album, MTV Album များကို ဝယ်ယူနားဆင်နိုင်ပါတယ်။

STA Music Shop Application မှ ကိုယ်ပိုင်သံစဥ် သီချင်း Audio Album, MTV Album များကို ဘယ်လို ဝယ်လို့ ရနိုင်မလဲ။

  • နိုင်ငံခြားမှ မြန်မာ ပရိတ်သတ် များ အနေနဲ့ VISA Card, Master Card များနဲ့ အလွယ်တကူဝယ်ယူနိုင်ပါတယ် (ဥပမာ, Audio Album တစ်ချပ်ကို ၃,၀၀၀ ကျပ် အား မိတ်ဆွေ၏ VISA Card USD$ Account ဖြင့်‌ နိုင်ငံခြားမှ ပေး ချေမည်ဆိုပါစို့၊ ထို့နေ့ ၁ ဒေါ်လာ ပေါက်‌စျေး ၁,၅၀၀ ကျပ်ဆိုလျှင် မိတ်ဆွေရဲ့ VISA Card မှ ၂ ဒေါ်လာ ဖြတ်သွားမှာ ဖြစ်ပါတယ်။ )
  • ပြည်တွင်းမှ မြန်မာ ပရိတ်သတ် များ အနေနဲ့ MPU Card, Wave Pay, OK Dollar, KBZ Pay, CB Pay MPiteSan တို့ ဖြင့် အလွယ်တကူ Mobile Phone မှ ဝယ်ယူနားဆင်နိုင်ပါတယ်။
  • - Mobile banking - AYA, KBZ, CB, UAB ဖြင့်လည်း Mobile Phone မှ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
  • - အပေါ် က Card နဲ့ Pay တွေ, Mobile banking တွေ ကို အသုံးမပြု တဲ့ သူတွေ အတွက် 123 service ပေးသော ဆိုင်များ (ဥပမာ, ABC Store, City Express, City Mart, Market Place, Near Me, Ocean Super Center, Sein Gay Har, Orange Supermarket, Mobile Mother, True Money, Oasis Convenience Store, e-city, လူကြီးမင်း, Anycall, Fun Fun Mart တို့တွင် Code Number ကိုပြ၍ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

Phone bill ဖြင့် တေးသီချင်း Album များကို ဝယ်လို့ ရပါသလား။

Phone bill ဖြင့် တေးသီချင်း Album များကို ဝယ်လို့ မရနိုင်ပါ၊ အထက်ဖေါ် ပြပါ နည်းလမ်းများဖြင့် ဝယ်ယူ အားပေးနားဆင်ပေးကြရန် အနူးအညွတ် မေတ္တာ ရပ်ခံပါတယ်။

တေးသီချင်း Album များကို ဝယ်ယူ ပြီး လျှင် ပြန်လည် ပြင်ဆင်ခွင့် ရှိပါ သလား။

မိမိ ကြိုက်နှစ်သက်သော တေးသီချင်း Album များကို ဝယ်ယူပြီးလျှင် အတည်ဖြစ်ပါသည်၊ ပြန်လည် ပြင်ဆင်ခွင့် မရှိပါ။

ဝယ်ယူရာတွင် အခက်အခဲ ရှိလာခဲ့လျှင် မည်သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင် မည်နည်း။

STA Music Shop Facebook page ၏ Messenger တွင် မိတ်ဆွေ၏ နာမည်, Ph Number (သို့မဟုတ်) Email address ကို ထားခဲ့ပေးပါ၊ ပေါ်ပေါက်လာသော အခက်အခဲ အား screenshot ရိုက် ပို့ပေး ၍ထားခဲ့ပေးပါ၊ ကျနော်တို့ Team မှ အမြန်ဆုံး ဆက်သွယ် ဖြေရှင်းပေးပါမည်။

တေးသီချင်း Album များ အသစ်ထွက်ရှိကြောင်းကို မည်သို့ သိရှိ နိုင် မည်နည်း။

ကျနော်တို့ ရဲ့ STA Music Shop Facebook page မှ တဆင့် အသစ်ထွက်ရှိသော တေးသီချင်း Album များကို သိရှိ နိုင်ပါမယ်၊ ဒါကြောင့် ကျနော်တို့ ရဲ့ STA Music Shop Facebook page ကို like and follow လုပ်ထားဖို့ လိုအပ်ပါမည်။

STA Music Shop ကို တည်ထောင် ရခြင်း၏ ရည်ရွယ်ချက်။

STA Music Shop ကို တည်ထောင် ရခြင်း၏ ရည်ရွယ်ချက် မှာ တစ်ကမ္ဘာလုံးတွင် ရှိသော ဂီတကို ချစ်မြတ်နိုးသော ပရိတ်သတ်များမှ မိမိ၏ Mobile Phone မှတဆင့် ကြိုက်နှစ်သက်သော ကိုယ်ပိုင်သံစဥ် တေးသီချင်း Album များကို တစ်ထိုင်တည်းဖြင့် လွယ်ကူမြန်ဆန်စွာ ရွေးချယ် ဝယ်ယူ နားဆင်နိုင်ရန် ရည်ရွယ်ပါသည်။